အတူဆုံ တအူတုံ တကယ်မဆင်းကြပေမယ့်
သူငယ်ချင်းဘ၀နဲ့ ငယ်စာရင်းက အတန်းဖော်
ပြန်မလွမ်းပြီလား ..
ကျောင်းခန်းမှာ စာအတူသင်
ကျောင်းပြင်မှာ စာအတူကျက်
ရည်ရွယ်ချက်တွေ အစပျိုးရင်း
ဘ၀ပျိုးခင်း .. ဆိုတဲ့ သည်ကျောင်းတော် ..
သည်ကျောင်းမှာ ဘ၀ကိုစ
သည်ကျောင်းက ဘ၀ကိုထုဆစ်
နုမြစ်သူတွေ ပုံလောင်း
လောကရဲ့ကျောင်းကျိုး
အကောင်းအဆိုး ဓမ္မ အဓမ္မ ဝေခွဲ
အနေရဲစို့ မှန်းရည်မျှော် .. တစ်လမ်းစီနော် ..
(ကြီးတော့) .. တို့တတွေကွဲ
ဆရာ ဆရာမတွေနဲ့
တခါက တပည့်တွေကံမကုန်လို့
ပြန်အဆုံပျော်စရာချည့်ပေပဲ ..
တပည့်တွေလည်းဆံပင်ဖြူ
အသွင်မတူ ဇရာဖက်
အသက်တွေအရွယ်ရပေမယ့်
ငယ်ဘ၀စာသင်ခန်းကို
ဘာမြင်မြင်အကုန်လွမ်းတာပဲ
ခုံတန်းမှာငယ်အရိပ်တွေက
ငယ်စိတ်ဝင် အမှတ်တရတွေနဲ့
ဖြတ်မရအောင် အခုဘ၀ အနုသယ ၀ဲမှာ
(သူငယ်ချင်းရယ် ..) သမုဒယနဲ့စွဲ ....
မောင်စိန်ဝင်း (ပုတီးကုန်း)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ