Friday, 30 October 2015

ရူတ်ထွေးခြင်းနိယာမ

ရှုတ်ထွေးခြင်း နိယာမ

ဘာတွေလဲဟာ ဘာတွေလဲ
အသဲကိုအပူပေး
အလွမ်းလေးတွေဟန်
ဆောင်
မောင်ကချစ်နေပေမဲ့
မာယာယာရှင်က 
သဘာဝကိုမခင်တွယ်
ဂုဏ်ငယ်သူကိုမသနား
စကားနဲ့လည်းမငဲ့ညှာ
ဟန်ဆောင်နေတာသိပါပြီ
ဒီလိုဘဝနဲ့ ဟိုအခြေ
မြေဇာပင် မမြင့်ပါဘူး
ဆူးလည်မရှိ 
ပန်းလည်းမပွင့်
သခင့်အတွက် အနင်းခံ
ပုံမှန်အားဖြင့် နင်းလျှောက်ပါ
ငါဟာနင့်အတွက်
သစ်ခတ်ပန်းစုံ
ရနံ့ထုံသင်း
ရွှေအဆင်းနဲ့ပြည်စုံ
လုံခြုံတဲ့အရိပ်
အေးမြတဲ့နားခိုမှုနဲ့
တုမရတဲ့အရသာ
အင်္သီးပါသီးပေးနိုင်တဲ့
အပင်းကြီးဖြစ်ချင်ပေမဲ့
ငါကမြေစာလေဟာ
ဘယ်မှာလည်းဂုဏ်
ဘာလည်းပကာသန
အဆင်းမလှတဲ့ငါ့ဘဝ
ခဏ ခဏ လဲပြိုခဲ့ပါပြီ
ဒီမျက်ရည်က အကျင့်ပျက်
ရက်စက်စွာကျနေပါ လားး
အမှားမဟုတ်ပါဘူးး
မြေဇာ
ကံကြမ္မာက ဆင်းရဲ
မွဲတေတဲ့ဒုက္ခ
အဆင်းမလှ ကဗျာမဆန်
ဘယ်သူမှန်လို့
ဘယ်ကမှား
ဂုဏ်တံတိုင်းတခု 
ခြားလေပြီ

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ