Monday, 26 October 2015

သဝဏ်လွှာ

တင်းကျက်စွာပွေဖက်
လို့
မင်းအတွက်အနမ်း ချွေ
အလွမ်းပြေအောင်
ကဗျာရေး
စာလေးတွေက
မညီညာ 
ဒီတခါ ပြန်မခွဲ ပါရစေလား
ချစ်သူ
အတူတူ မဆုံခဲ့ရင်လည်း
အသဲထဲက ဆန္ဒ
ဖွင့်မဟ ဘဲ ချစ်မယ်
တမျိုးလိုတဲ့အရသာ
ဘယ်မှာချိုမြိတ် ပါလိမ့်
မင်းစကားကို အမိန့်လို
သဘောထား
မှတ်သားနာခံ ချစ်နေရန်
အတွက်
ရက်စက်တတ်တဲ့နှလုံးသား မှ
စာလေး တတန်

ပေ လေး တရွက်
ထွက်ကျလာတဲ့
သဝဏ်လွှာ
ဘယ်တော့များမှ
သူ့ ဆီရောက်ပါမလဲ
စာပို့ သမား
     လေး
ထက်လင်းဇော်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ