ရွေးချယ်ကြည့်ရှုရန်
Thursday, 30 July 2015
မင်းချစ်တဲ့ငါဖြစ်ပါရစေ
မရှိတာထက်
မသိတာခတ်တယ်တဲ့
ငါအတွက်တော့
မင်းကိုလေ
သတိရတာထက်
မေ့မရတာပိုခတ်နေတယ်
နားလည်ပါတယ်ချစ်သူ
အသုံးအနှုန်း
မတူညီပေမဲ့
မင်းမမုန်းလည်း
ငါရူံးခဲ့ပါပြီ
နှလုံသားဆီရောက်ရှိ
လာတာက
သံယောဇဉ်မရှိတဲ့
ခင်မင်မူ တွယ်တာမှု
ကင်းမဲ့တဲ့ မေတ္တာပါ
ရင်ဖွင်ကာပြလို့
ရမယ်ဆိုရင်
ဝင်ကြည့်လိုက်စမ်းပါ
နှလုံးသားစစ်စစ်နဲ့
ထုလုပ်ထားတဲ့
မင်းပုံရိပ်ကလေး
ရှိနေတယ်ဆိုတာ
မင်းကိုယ်တိုင်
မြင်ရပါလိမ့်မယ်
လိုတာပြည့်တဲ့
ဆုတစ်ခုသာ
တောင်းရမယ်ဆိုရင်
ငါဆုတောင်းလိုက်ချင်ပါသေးတယ်
ဘဝဆက်တိုင်းမှာ
မင်းချစ်တဲ့ငါ
ဖြစ်ပါရစေ•••
{မင်းမင်းစိုး}
•သရက်ချောင်•
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ