***************
သူဂရုမစိုက်လို့
ကိုယ်က ပြန်ဂရုမစိုက်ဘဲနေရင်
တဖြည်းဖြည်း ဝေးသွားမှာပေါ့
သူဖုန်းမဆက်လို့
ကိုယ်က မခေါ်ဘဲနေရင်
တဖြည်းဖြည်း သွေးအေးသွားမှာပေါ့
မက်ဆေ့တွေ သူ replyမလုပ်တိုင်း
ကိုယ်က မပို့တော့ရင်
တဖြည်းဖြည်း မေ့သွားမှာပေါ့
သူ့ဘက်က အချစ်တွေလျော့ နေလို့
ကိုယ်က နည်းနည်းလေး လျော့ ချစ်လိုက်ရင်
တဖြည်းဖြည်း သူစိမ်းတွေဖြစ်သွားမှာပေါ့
တကယ်လို့သာ
ချစ်တဲ့သူကို
အချစ်စစ်နဲ့ ချစ်ခဲ့တယ်ဆိုရင်
တစ်ယောက်နဲ့တစ်ယောက်
လျှော့သင့်တာလေးတွေ
ညှိသင့်တာလေးတွေ
နားလည်သင့်တာလေးတွေ
အပြန်အလှန် ရှိနေသင့်တယ်လေ
အချစ်ဆိုတာ
သူအနိုင်
ကိုယ်အနိုင်
တွက်ချက်ရမယ့် ဉာဏ်စမ်းတစ်ခု မဟုတ်သလို
အရှုံးအမြတ် တွက်ချက်ရမယ့် ရောင်းကုန်တစ်ခုလည်း မဟုတ်ပါဘူး။
Credit to original writer
ရွေးချယ်ကြည့်ရှုရန်
Saturday, 25 March 2017
ပိုဝေးသွားမှာပေါ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ