အိမ်ပြေးညီမလေးဆီသို့ပေးတဲ့စာ့ 
သတိထားညီမလေး
အရေခွံဘယ်လောက်လဲလဲ
မြွေဟာ တီဖြစ်မသွားပါဘူး
ပြောင်းလဲလွယ်တဲ့
လောကကြီးမှာ
လိုက်ဖက်ညီအောင်သာ
အရောင်ပြောင်းနေရရင်
ပုတ်သင်ညိုသာသာ
ဖြစ်နေမှာပေါ့
ပတ္တမြားမှန်တယ်ဆိုတိုင်း
နွံထဲဝင်မှိုင်ပြစရာလားကွယ်
ခြေဆေးခံရဖို့
အိုင်ထဲထိုင်နေမယ့်အစား
ရေသန့်လို့
တံဆိပ်ကပ်နိုင်ရင်
တန်ဖိုးတက်လာပါလိမ့်မယ်
အိမ်နဲ့ဝေးတိုင်းလည်း
အားငယ်စိတ်မပျက်ပါနဲ့
အမောပြေရေတခွက်
အိမ်ပြေးလေးအတွက်တဲ့
အမေနေ့တိုင်းခပ်ထားတယ့့် ။
သူရဇ္ဇ
____________________________________________
အိမ်ပြေးညီမလေးဆီသို့ပေးတဲ့စာ့ ၂
ညီမလေး
စဉ်းစားရတယ်ဆိုတာ
မိန်းကလေးတိုင်းရဲ့
သမိုင်းပေးတာဝန်
အရိုးဆို
ကြည့်ရှောင်ရမယ်လေ
ကိုယ်ကခဏတာဝါးမယ့်သွားမဟုတ်ဘူး
စကားခလုတ်တွေ
ဘယ်လောက်တိုက်တိုက်
ကိုယ့်ကိုကိုယ်မထိခိုက်ဖို့က
ပိုအရေးကြီးတယ်
တကယ်တော့
ဟင်း ကြေးများတယ်ဆိုတာ
အစားကောင်းစားရတဲ့သူတွေကိုသမုတ်တဲ့
အမည်သက်သက်ပါ
ညီမလေး
ချစ်တာတော့ချစ်ပါ
ပြန်ပြင်လို့မရတဲ့
အခွင့်အရေးတော့
မပေးမိပါစေနဲ့
ဘဝနဲ့ရင်းတဲ့လက်ရေးအတွက်
ဖျက်ဆေးမရှိဘူးကွဲ့
ဘဝရဲ့အစိတ်ပိုင်းတခုအတွက်
စိတ်ရိုင်းမမွေးမိပါစေနဲ့
မှတ်ပုံတင်ထဲမှာ
ပြန်ကြည့်ပါညီမလေး
ကိုးကွယ်စရာမှာ
အချစ် မဟုတ်ဘူးလေ့ ။
သူရဇ္ဇ
___________________________________________
လေလှိုင်းသံယောစဉ်
မမြင်ရပေမယ့်
သံယောစဉ်အစ
ပျိုးချခဲ့တဲ့ ဒီမြေ
အသင်္ချေယူဇနာခြား
လူမလာအားလို့
လေလှိုင်းကြားက
အမှာပါး
ချစ်စကားတွေဖလှယ်
ဆုံမယ်လို့အတိအကျ
မသိပေမယ့်
သတိတရရှိတိုင်း
မင်းအနားကို
အပြေးလာချင်မိတယ်
အဝေးမှာနေနေကျပေမယ့်
အဆင်ပြေတဲ့တနေ့
ငါမင်းနဲ့
ဆုံတွေ့ချင်တယ်
သူရဇ္ဇ
____________________________________________
ငှက်တကောင်ရဲ့
ဝေဟင်ခရီး
အကြားအာရုံစွင့်
မြှားနှင့်လွတ်အောင်
မြင့်မြင့်ပျံ
ဘဝမာန်မပြို
မုန်းတိုင်းကြိုတဲ့
လေဆန်ခရီးမှာ
အတောင်ပံတွေညောင်း
စိတ်ထောင်းကိုယ်ကြေ
လေပြေအလာစောင့်
မုန်တိုင်းနောက်မှာ
နေတက်စေ့ ။
သူရဇ္ဇ
___________________________________________
မြန်မာမလေး
.................
ဘယ်ညာကွက်ထား
သနပ်ခါး
သူ့ပါးထက်မှာနေ ။
ဟန်မူနွယ်လျ
ပြုးံစစ
လှပကျက်သရေ ။
ရှည်လျားကေသာ
ကော့ညွတ်ကာ
ဆံသာကျော့ရှင်းနေ ။
လေပြေအလာ
ယိမ်းနွဲ့ ခါ
ဘယ်ညာလွတ်လူးနေ ။
ရှိုက်ကြီးဖိုငယ်
အသွယ်သွယ်
လှတယ်တအားလေ ။
မြင်သူငေးရ
ဘဝက
စိတ်လှလှလေးနေ ။
ပစ်ရှာဖို့ခက်
သူမတွက်
ဆက်လက်နေနိုင်စေ ။ ။
သွေးနွယ်ညှို့
27.3.2017
3:15 pm
____________________________________________
[♥]]] [♦]]] [♣]]] [♠]]][♥]]] [♦]]] [♣]]] [♠]]][♥]]] [♦]]] [♣]]] [♠]]]
ဒီတစ်ပတ်ရဲ့ ကဗျာဂျာနယ်အစီအစဉ်လေးကတော့ ဒီလောက်ပါပဲခင်ဗျာ။ ကျွန်တော်တို့ မြန်မာလူငယ်သတင်းစုံ မှ စီစဉ်တင်ဆက်နေတဲ့ ကဗျာဂျာနယ်လေးမှာ ကဗျာတွေ ရေးသားပေးပို့ချင်တဲ့ ဝါသနာရှင်များအားလုံးကို ဖိတ်ခေါ်ပါတယ်။ ကဗျာများကို ပေးပို့ချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ် 09-256480246 သို့ လိပ်မူ၍ ရေးသားပေးပို့နိုင်ပါသည်။
ကဗျာဂျာနယ်အစီအစဉ်လေးကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
ရွေးချယ်ကြည့်ရှုရန်
Friday, 31 March 2017
ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၇
Thursday, 30 March 2017
ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်အတွက်ငိုခဲ့ရင်
မိန်းခလေး တစ်ယောက်က ယောက်ကျားလေး တစ်ယောက်အတွက် ငိုခဲ့၇င် ....အဲ့ မိန်းခလေးက သူ့ကို အတိုင်းအဆ မ၇ှိချစ်လို့ပဲ.....
ဒါပေမယ့်
ယောက်ကျားလေး တစ်ယောက်က မိန်းခလေး တစ်ယောက်အတွက် ငိုခဲ့၇င်တော့ .....မှတ်ထားလိုက်ပါ
လောက ကြီးမှာ အဲ့ဒီ မိန်းခလေးကို အဲ့ယောက်ကျားလေးထက်ပိုပြီး ချစ်နိုင်မယ့်သူ မ၇ှိလို့ပါ.....
Credit: Raihan Akhoon
Saturday, 25 March 2017
ငါ့ကိုဘယ်အချိန်ထိချစ်မှာလဲ
ညနေခင်းလေးတစ်ခု… လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။
“ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!
” ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။ “ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်” ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။
မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်”တစ်”ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ “တစ်သက်လုံး! ” လို့ ပြောတယ်။ ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။
“နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ… ပြန်စဉ်းစားကြည့်ပါအုန်း” ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း “ဒီလိုဆိုရင် တစ်ရက်လား?” “ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ” ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း ” တခဏတော့ မဟုတ်ရပါဘူးနော်” လို့ အသံကျယ်ကြီးနဲ့ မေးတယ်။ ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။
ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။ “ဒီလိုဆိုရင် တစ်နှစ်လား?” ကောင်လေး ခေါင်းခါပြလိုက်တယ်။ “ဒီလိုဆိုရင် နှစ်တစ်ရာကွာ… ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ” ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။ “နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး” ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။
ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။ “အဖြေကို သိချင်ပြီလား?” ကောင်လေး ဖြေချင်နေပြီ။ “ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?” ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။ ကောင်လေးက
လက်တစ်ချောင်းထောင်ပြရင်း “နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်….”
ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။ နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်! အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။
Credit: ကိုဇော်လေး
ပိုဝေးသွားမှာပေါ့
***************
သူဂရုမစိုက်လို့
ကိုယ်က ပြန်ဂရုမစိုက်ဘဲနေရင်
တဖြည်းဖြည်း ဝေးသွားမှာပေါ့
သူဖုန်းမဆက်လို့
ကိုယ်က မခေါ်ဘဲနေရင်
တဖြည်းဖြည်း သွေးအေးသွားမှာပေါ့
မက်ဆေ့တွေ သူ replyမလုပ်တိုင်း
ကိုယ်က မပို့တော့ရင်
တဖြည်းဖြည်း မေ့သွားမှာပေါ့
သူ့ဘက်က အချစ်တွေလျော့ နေလို့
ကိုယ်က နည်းနည်းလေး လျော့ ချစ်လိုက်ရင်
တဖြည်းဖြည်း သူစိမ်းတွေဖြစ်သွားမှာပေါ့
တကယ်လို့သာ
ချစ်တဲ့သူကို
အချစ်စစ်နဲ့ ချစ်ခဲ့တယ်ဆိုရင်
တစ်ယောက်နဲ့တစ်ယောက်
လျှော့သင့်တာလေးတွေ
ညှိသင့်တာလေးတွေ
နားလည်သင့်တာလေးတွေ
အပြန်အလှန် ရှိနေသင့်တယ်လေ
အချစ်ဆိုတာ
သူအနိုင်
ကိုယ်အနိုင်
တွက်ချက်ရမယ့် ဉာဏ်စမ်းတစ်ခု မဟုတ်သလို
အရှုံးအမြတ် တွက်ချက်ရမယ့် ရောင်းကုန်တစ်ခုလည်း မဟုတ်ပါဘူး။
Credit to original writer
Thursday, 23 March 2017
အဝေးဌာနေ ရောက်နေသော်လည်း
မွေးရပ်မြေမှ မွေးမိဘတို့
ဆုံးမပဲ့ပြင် သွန်သင်စကား
သားမောင်ရင်မှာ ကြားယောင်ရ၍
ယနေ့ရောက်လာ မွေးနေ့ခါမှာ
သားစွမ်းသမျှ ပန်း ရေချမ်းကို
ပူဇော်လှုဒါန်း လွမ်းသမျှတွေ
သာဓုခေါ်စေ အမျှဝေ၍
မွေးဋ္ဌာနေမှ မွေးမိဘနှင့်
သုံးပါးလောက ရှိကြကုန်သော
ဝေနေယျတွေ ကျန်းမာ ချမ်းသာ
လန်းဖြာစေကြောင်း ဆုမွန်တောင်းကာ
မွေးနေ့ဒါန အမှတ်တရ
သားမောင်လူလှ ပျော်ရွှင်ရပြီ...။
တစ်ကောင်ဘွား(ဓာတ်တော်)
Wednesday, 22 March 2017
Thursday, 9 March 2017
ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၆
ကောင်မလေး ရေ....
မင်းကြောင့် အချစ်ဆိုတာနဲ့
ထိတွေ့ခွင့်ရခဲ့တယ်ဆိုတာ
ငါဝန်ခံပါတယ်......
ဒါကြောင့်လည်းပဲ
ငါရင်ခုန်သံတွေ မျှော်လင့်ချက်တွေ
အားလုံး အားလုံး ဝရုန်းသုန်းကားနဲ့
လွဲချင်တိုင်း လွဲကြလေရဲ့...
မင်းစကားတွေထဲက
မုသားဆိုတာကိုလည်းသိခွင့်ရတယ်
ဟန်ဆောင်မှုဆိုတာကိုလည်း
ထိတွေ့ခွင့်ရခဲ့တယ်
အလိမ်အညာ အကြံအဖန်တွေ
အရောင်ဆိုးတဲ့မင်းအပြုံးအောက်မှာ
ငါခုထက်ထိ ပြုံးပြုံးလေးနဲ့
ခေါင်းညိမ့်တတ်အောင်
သိမ်းပိုက်ထားတဲ့မင်းကို
ချီးကျူးပါတယ် ဟာ....
ရုန်းထွက်ချင်နေတဲ့ငါ့စိတ်ကူးတွေကို
ကျော်လွန်ခွင့်မရှိအောင်
နင်စေခိုင်း ပြုစားနေတာကြောင့်
ငါလေ နောင်တဆိုတာကို
ငါ့စိတ်ထဲနေပဲရေရွက်ခွင့်ရခဲ့တာပါ...
ရှိန်းတမ်
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
ချစ်သူ....
သမင်လည်ပြန်အကြည့်
၂၃နှစ်ပိုင်းတစ်ပိုင်းဒီဂရီ မျက်ဝန်းနဲ့
မင်းရဲ့ညို့မျက်ဝန်းကြားမှာ
ငါရင်ခုန်သံတွေ
ကသောင်းကနင်းဖြစ်ခဲ့ရတယ်...
ဝင်ရိုးစွန်းမတူညီစွာ အတူရှိခဲ့ကြပေမဲ့
ချစ်ခြင်းတရားအကြင်နာတွေနဲ့
ဆွဲငင်အားမျှတစွာ တည်ရှိခဲ့ကြလို့
မင်းနဲ့ငါ သဘာဝကျစွာ
ထပ်တူထပ်မျှ နားလည်ကြတယ်...
တကယ်လို့များပေါ့...
ဖောက်လွဲဖောက်ပြန် တတ်တဲ့
နိယာမတွေကြောင့် မင်းနဲ့ငါလေ
တနေ့နေ့ဝေးသွားခဲ့ကြရင်
တနေ့နေ့ခွဲခွာခဲ့ကြရင်
ဒို့နှစ်ယောက်ရည်မှန်းချက်လမ်းမတွေထက်
ဦးတည်ချက်တွေမတူညီကြတော့တဲ့အခါ
ဒီမျက်ဝန်းလေးကိုခုံမင်ခဲ့မိတဲ့ငါ
ကြေကွဲစွာ လွမ်းနေခဲ့မယ်ဆိုရင်
မင်းနာလည်ပေးပါနော်
တကယ်ကိုစစ်မှန်စွာ
ငါချစ်ခဲ့ပါတယ်......
ရှိန်း တမ်
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
အကငဥဘ
မောင့်ရဲ့ရင်ထဲ
ခင် မမြင်ပဲနဲ့
အထင်လွဲကာမေ့
နေစိမ့်လှတယ်
မငို မရီ မတည် မပြုံး
အမုန်းတုံးခု
အပြုံးတုမစွန့်ကျဲ
ခင့်အသည်းမှာ
ရင့်သန်ဟန်သဘော
သံ နဲ့များ
ရောထားသလားခင်
တနွယ်မငင်
တပင်မယှက်ခင်
သံယောစဉ်တန်း
ရှင်ခန်းပြတ်အောင်
ရင်နှစ်ချမ်းကိုခွဲ
သွေးရဲရဲနီစေဦး
ခင်ရီကာပြုံးရင်
ပီတိနှလုံး
မောင့့် 
အကျေနပ်ဆုံးပေါ့ခင့့် ။
သူရဇ္ဇ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
အချစ်ဆိုတာ
ပေးတိုင်ပြန်မရတာအချစ်လား
စွန်လွတ်ခြင်ကအချစ်လား
အနစ်နာခံခြင်ကအချစ်လား
ပေးဆပ်ခြင်ကအချစ်လား
ရယူခြင်ကအချစ်လား
ပိုင်ဆိုင်လိုချင်ကအချစ်လား
ဘယ်လိုအချစ်မျိုးကအချစ်လဲ
ငါ့ခံယူမိတဲ့အချစ်က
ငါ့ဘဝထက်သူကိုချစ်တယ်
သူပျော်နေရင်
ငါ့ကို ဥပြစ်ခါပြုထား
နေရင်တောင်
ငါသူကိုသေမတပ်လွမ်းနေပါစေ
ငါ့ရင်ကွဲခံပီ နင့်ကိုချစ်နေမဲ့အချစ်မျိုးပါဟာ
မြတ်နိုးခင်
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
❆အဓိပ္ပါယ်တွေရှိချင်တယ် ❆
စိတ်ဆိုးခွင့်မရှိတဲ့ဘဝမှာ
စိတ်ကောက်ပြီး
ဟန်မူပိုနေတော့လည်း
အလကားပါဘဲ.....
အပြုးံလေးတစ်ချက်နဲ့
တစ်သက်လုံးကျွန်ခံ
နွံ့ထဲမှာထပ်မံပြီး
ဆက်လျှောက်လှမ်းနေမိတယ်.....
စိတ်သွားတိုင်းကိုယ်မပါ
ကိုယ်သွားတိုင်းစိတ်မပါ
အကျဉ်းစံထဲ
ထာဝရမှေးစက်
တစ်ခဏတော့ပြေးထွက်ချင်မိရဲ့......
နားတစ်စုံကိုဖုးံအုံ
မျက်စိနှစ်ကွင်းကိုချုပ်ပိတ်
မမြင်နိုင်၊မကြားနိုင်သူမှာ
ပြောဖို့လည်းမသာ
နှုတ်ခမ်းဖျားများကိုလည်း
ဇစ်ဆွဲခံလိုက်တယ်.....
လမ်းဖွင့်ပေးထားတဲ့
နှာခေါင်းနှစ်ပေါက်
မပိတ်ခင်အထိ
အသက်ရှင်နေသေးတာဘဲ
ဘုရားသခင်ရဲ့ဆုလာဒ်တော်.....
တစ်နေ့နေ့
တစ်နေ့နေ့တော့တစ်နေ့နေ့ပေါ့
မျှော်လင့်ရင်အသက်ရှင်နေတာ
အဓိပ္ပါယ်တွေရှိလို့......။
စုန်း
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
အကျွန့်ဝေဒနာ
ရီခဲ့ဖူးတဲ့နှုတ်ခမ်း
အလွမ်းရင့်ရင့်
အဆင့်ဆင့်မှီခို
ရီ ငိုခဲ့သမျှ
မျက်ဝန်းနဲ့သာ
သက်ဆိုင်ပါသလေ
ရည်ရွယ်အချစ်
အရစ်ရစ်နှောင်တွယ်
ရှောင်ဖယ်တွယ်မက်
အရုန်းခက်သမျှသည်
သမုဒယ နဲ့သာ
သက်ဆိုင်ပါသလေ
ချသမျှသက်ပြင်း
အမျက်နဲ့ညှင်းသလို
ပူပြင်းခံခက်
နာရက်သမျှသည်
အကျွန့်၏စိတ်
တစိတ်တဒေသမျှ
မပါလေရပဲ
အကျွန့်၏အတိတ်
အဆိပ်ဖြစ်စေလို့သာ
ဝေဒနာအရင့်
ရင်နှင့်မမျှအောင်္ဇ
ပူလောင်ပါသည့့် ။
သူရဇ္ဇ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
ပဲ့တင်
တမ်းတသံတွေ
ပဲ့တင်မြည်ဟီး
ရင်ခုန်သံနီးလျက်
ခရီးမဆက်ဖြစ်တဲ့
တို့နှစ်ယောက်ဇာတ်လမ်း
မျက်ခန်းမှာပုလဲဥတွေနဲ့
အသည်းနုသူငို
မျက်ရည်စိုရင်
အလွမ်းပိုသတဲ့လားဟာ
နင်ညှာတာမဲ့လို့
မသာယာတဲ့ဘ၀နဲ့ငါ
မျှော်လေရာ
အတိတ်နွေလမ်းမှာ
စိတ်မပြေနွမ်း
ငါ့နှုတ်ခမ်းက
တမ်းတသံကြူးတိုင်း
ပင်ထနောင်းတွေဖူး
ရူးလောက်အောင်
နာကျင်ဖူးခဲ့ရပြီဟာ့ ။
သူရဇ္ဇ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
ဝေးးးးးး
အလွမ်းတွေတဖြေးဖြေးဝေး
နှေးကွေးလေးလံတဲ့
ရော်ရွက်တရွက်ရဲ့
အကြွေခရီး
ညည်းတွားခြင်းတွေနဲ့
အပင်ကိုင်းမှာ
အရင်တိုင်းပြန်နေဖို့ဆန္ဒ
နွေကအသိမှတ်မပြုခဲ့
ဒီလိုနဲ့
ဖေးကူရာမဲ့
ကြွေခဲ့တဲ့ရော်ရွက်ဟာ
နွေကန္တာမှာ
အကြွေသံသရာ့ ။
သူရဇ္ဇ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
နင်အတွက်မသိတဲ့အဝေးတစ်နေရာကချစ်နေတဲ့ကောင်လေးး
နင်ခံစားနေရတာသိပေမဲ့မဖြေသိမ်ပေးနိုင်ခဲ့ဘူးး
အာ့အတွက်ငါဝမ်းမနည်းဘူးငါရှိနေသမျှ
နင်ဝမ်းမနည်းစေရဘူး
နင်အတွက်ငါဟာာ
BOY FRIENT ON2
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
အချစ်၏အရှုံး
ငါ့နင့်ကိုစချစ်ကတည်က အချစ်ကိုအရှုံးအမြတ်တွက်ပီ
ချစ်ခဲ့တာမဟုတ်ရပါဘူး
မခေါ်ပဲ ငါ့ဘဝထဲနင့်ရောက်လာတယ်
မနင်ပဲငါ့ဘဝထဲကပြန်ထွက်ခွာသွားပြန်တယ်
အမုန်းစကားတစ်ခွန်းမ
မသုံးပဲ အပြုံးကလေးနဲ့
လက်ပြနေတတ်တဲ့
အပြောချိုတဲ့ နင့်နှုတ်ခမ်း ရက်စက်တတ်တဲ့
နင့်နှလုံးသား အရာရာ
ငါ့အရှုံးပေး ချစ်ခဲ့ရတယ်သူ
အပြုံးတွေလဲ
ကွယ်ပြောက်
နိကတော့နောက်တစ်ယောက်
ငါ့မဖြေသာပေမဲ့
နင့်ကနေသာသလိုနေတော့
ငါ့ရင်တွေ ကွဲကြွေပျက်သုန် အမုန်းစကားမသုံးပဲ
ငါ့နှလုံးသားကို
နင့်block သွားနိုင်တယ်နော်
နင့်ပျော်ပါစေချစ်သူရယ် ကွယ်ရာကပဲ
နိပျော်တာကြည့်ပီ
ငါ့ကျေနပ်နေပါမယ်
နင့်ချစ်ခဲ့ဖူးတဲ့ကောင်မလေး
မြတ်နိုးခင်
[♥]]] [♦]]] [♣]]] [♠]]][♥]]] [♦]]] [♣]]] [♠]]][♥]]] [♦]]] [♣]]] [♠]]]
ဒီတစ်ပတ်ရဲ့ ကဗျာဂျာနယ်အစီအစဉ်လေးကတော့ ဒီလောက်ပါပဲခင်ဗျာ။ ကျွန်တော်တို့ မြန်မာလူငယ်သတင်းစုံ မှ စီစဉ်တင်ဆက်နေတဲ့ ကဗျာဂျာနယ်လေးမှာ ကဗျာတွေ ရေးသားပေးပို့ချင်တဲ့ ဝါသနာရှင်များအားလုံးကို ဖိတ်ခေါ်ပါတယ်။ ကဗျာများကို ပေးပို့ချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ် 09-256480246 သို့ လိပ်မူ၍ ရေးသားပေးပို့နိုင်ပါသည်။
ကဗျာဂျာနယ်အစီအစဉ်လေးကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
မျက်မမြင်ကျောင်းများ၊ မိဘမဲ့ဂေဟာများ နှင့် ပရဟိတဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော မြန်မာလူငယ်ပရဟိတအသင်းသို့ တတ်အားသ၍ ပါဝင်လှူဒါန်းလိုပါက ဖုန်းနံပါတ် 09962385542 သို့ ဆက်သွယ်၍ သဒ္ဒါတရား နည်းများမဆို ပါဝင်လှူဒါန်းဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။