"ရေသင်ဖြူးခင်း တော်သလင်း"
ရဟတ်မှ ဧယင်လေ။ ။
ဟဿဒကြယ်၊နေနှင့်ဆွယ်လို့၊
မိုးလယ်ပြီပြီ၊တိမ်ကတ္တီလည်း၊
နီနီခြင်းခြင်း၊ကန်လဂ်တွင်းမှာ၊
လေပြင်းဆင်ပါလို့လေး။ ။
မသာစနိုး၊စိတ်လက်ကယ်ညှိုးအောင်
မိုးတလှည့်နှင့်၊အိုဘယ့်ရာသီ၊
လည်ပြောက်လည်လှုပ်၊ပဲတောင်ပြုတ်နှင့်၊
ဘုတ် ဇီဝဇိုး၊တောင်တရိုးက၊
ချစ်ကြိုးမပျက်၊လည်ချင်းယှက်လို့၊
ဝတ်ရက်ကယ် ချီသည်၊ဝေသီသီ ပင်မြင့်နန်းက၊
ပန်းယင်းမာမွှေး။ ။
ကလေးမှ မွေ့သိမ်၊ခေါက်ချီခေါက်ချိုး၊
သိန်ဂုန္တန်ထိုးသည့်နှယ်၊တန်ခိုးကြီးမား၊
နဂါးတိမ်နှင့်၊လွမ်းအိမ်ဖွဲ့ကာ၊
သစ္စာရည်တူ၊ရှိတဲ့သူကို၊
အပူမီးနေ၊ရောက်လေစေဟု၊
ဝေယန်ဝင်းရှိန်၊နတ်နန်းအိမ်က၊
ကြိမ်ကြိမ်ငယ် ရွာသည်၊
ရာဇဂြိုဟ်ပြည်ကို မှီ၍၊တင်းကြယ် နီထွန်း။ ။
ရေသင်ဖြူးခင်း၊တော်သလင်းကို၊
မြစ်တွင်းပြည့်နှက်၊ဂဠုန်ငှက်ကဲ့သို့၊
ရွှေတက်ကယ် မြှောက်ချီ၊ရွှေရေသီနှင့်၊
ညီညာစုံလင်၊လှေပွဲတော်ဆင်ကြတယ်၊
မြစ်ပြင်မှာ ရေသာကြောင်းက၊
စည်မောင်းရွမ်း။ ။
မယ်ခွေ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ