Thursday, 31 December 2015

အုံ့ပုံးချစ်

စကားလုံးတွေအဖြစ်
အသက်သွင်းခွင့်မပြုဘူး
စကားလုံးတိုင်း မတင့်တယ်တော့
ကိုယ့်ရင်ဘတ်ကိုယ် လှစ်ဟမပြတာပဲကောင်းတယ် ...
ချောင်းမြောင်းလုပ်ကြံတတ်တဲ့ဝါဒလို့
ဝါဒဖြန့်ပြောဆိုနေကြစေဦးတော့
ဘယ်သူမှမသိတဲ့ ကိုယ့်အဖြစ်ကို
ရက်ရက်စက်စက်ကျေနပ်တတ်ပါတယ် ...
ကမ္ဘာမကျော်ခဲ့ပါဘူး
ကမ္ဘာပေါ်မှာတော့ အချစ်တတ်ဆုံးလူသားပါပဲ
အရှုံးသမားလို့ ကင်ပွန်းတပ်
သရဲဘောကြောင်သူလို့ စွဲချက်တင်
လူလိမ်လို့ သမုတ်ကြပါစေ
ဣနြေ္ဒမဲ့ဖြစ်သွားစရာ ဘာမှမရှိပါဘူး ...
အချစ်ဆိုတာ လက်တွေ့ဆန်တိုင်းကောင်းတာမှတ်လို့
တစ်ချို့က အချစ်နဲ့စစ်မှာ
သူရဲကောင်းတံဆိပ်ခပ်နှိပ်ခံချင်ကြတယ် ...
တကယ့်သူရဲကောင်းဆန်သူတွေက အရှုံးပေးခဲ့ကြတယ် ...
အချစ်ကို နှလုံးသားရေးလို့အမည်ပေးရင်
ဘာကြောင့် သွေးအေးရက်စက်ကြမှာလဲ
ကာမတရားကို အချစ်ရေးလို့ အလွဲသုံးစားပြုရင်တော့
သူ့ဟာသူ သူရဲကောင်းဘွဲ့ခံပါစေ
ဣနြေ္ဒရှိရှိချစ်နေတတ်တာကိုကိုင်စွဲ
အနိုင်မရလည်း ချစ်တတ်တယ် ...

မောင်မဲကောင် (Credit - ချစ်သူတို့ဆုံရာမြေ)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ