ရွေးချယ်ကြည့်ရှုရန်
Thursday, 31 December 2015
အုံ့ပုံးချစ်
အသက်သွင်းခွင့်မပြုဘူး
စကားလုံးတိုင်း မတင့်တယ်တော့
ကိုယ့်ရင်ဘတ်ကိုယ် လှစ်ဟမပြတာပဲကောင်းတယ် ...
ချောင်းမြောင်းလုပ်ကြံတတ်တဲ့ဝါဒလို့
ဝါဒဖြန့်ပြောဆိုနေကြစေဦးတော့
ဘယ်သူမှမသိတဲ့ ကိုယ့်အဖြစ်ကို
ရက်ရက်စက်စက်ကျေနပ်တတ်ပါတယ် ...
ကမ္ဘာမကျော်ခဲ့ပါဘူး
ကမ္ဘာပေါ်မှာတော့ အချစ်တတ်ဆုံးလူသားပါပဲ
အရှုံးသမားလို့ ကင်ပွန်းတပ်
သရဲဘောကြောင်သူလို့ စွဲချက်တင်
လူလိမ်လို့ သမုတ်ကြပါစေ
ဣနြေ္ဒမဲ့ဖြစ်သွားစရာ ဘာမှမရှိပါဘူး ...
အချစ်ဆိုတာ လက်တွေ့ဆန်တိုင်းကောင်းတာမှတ်လို့
တစ်ချို့က အချစ်နဲ့စစ်မှာ
သူရဲကောင်းတံဆိပ်ခပ်နှိပ်ခံချင်ကြတယ် ...
တကယ့်သူရဲကောင်းဆန်သူတွေက အရှုံးပေးခဲ့ကြတယ် ...
အချစ်ကို နှလုံးသားရေးလို့အမည်ပေးရင်
ဘာကြောင့် သွေးအေးရက်စက်ကြမှာလဲ
ကာမတရားကို အချစ်ရေးလို့ အလွဲသုံးစားပြုရင်တော့
သူ့ဟာသူ သူရဲကောင်းဘွဲ့ခံပါစေ
ဣနြေ္ဒရှိရှိချစ်နေတတ်တာကိုကိုင်စွဲ
အနိုင်မရလည်း ချစ်တတ်တယ် ...
မောင်မဲကောင် (Credit - ချစ်သူတို့ဆုံရာမြေ)
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၅၆
သွေးသားအရာ
အစနဲ့အူဝဲလို့အော်ကာမွေးဖွားလာ
လောကရွာလူပြည်မှာ
ဇာတိအစ
မရဏ အဆုံး
ပြုံးပြုံးလေးသေဖို့
ကြိုးစားကြပါ
ငါ ဆိုတဲ့အစွဲ
ကွဲလွဲအောင်
ခွဲထုတ်နိုင်မှ
သံသရာက
လွဲထွက်နိုင်မယ်
ပုထုဇဉ်ဘဝနဲ့
ဒုက္ခကိုဖယ်
သမုဒယကိုပယ်မှ
လူ့ဘဝရသည်အမြတ်ပါလောကီကိုခွာ
လောကုက္တရာ
စည်းစိမ်သည်သာ
မီးအိမ်ပမာ
အလင်းဆောင်လို့
စိတ်အကြံ
တရားကျင့်မှ
နိဗ္ဗာန်တံခါး
ပွင့်မည်ဧကန်
နေတပြန်
အနောက်ကွယ်ပြေး
ကွေးသောလက်မဆန့်မှီကျန်သောအသက်မွေးသည်ကစ
ဆန့်သောလက်
မကွေးမှီမှာ
အတွေးညီစွာ
ကုသိုလ်ရှာ
အခုလိုခါသာသနာ
ယုတ်ချိန်မှာ
နာနာရုဂ်ဆိုတာ
မမြဲခြင်းအနိစ္စမို့
အတိတ်က
မကောင်းမှု့ကို
တောင်းဆုမခြွေ
ကောင်းမှု့နဲ့ချေလို့
တကယ်တရား
စိတ်ညီမှ
အပယ်တံခါး
ပိတ်မည်သာ့။
သူရဇ္ဇ
***********************************
မျက်ဝန်း
ရီဝေဝေအကြည့်
နှလုံးသားအထိ
ခိုဝင် ဆူး
ငိုဖူးမှမျက်ဝန်းလှရင်
ရင်တဖက်စွန်းက
ဒဏ်ရာက
ကြယ်တစ်ရာ
လင်းသလိုထင်
မင်းငိုရင်
အလင်းပိုသလို
ထင်ရတဲ့
ခင့်အစိမ်းရောင်
ညို့မျက်ဝန်းတွေက
တိမ်းမယောင်
လျှို့ဝှက်လွန်းတာမို့
လမင်းကြီးလည်း
မယှဉ်သာခဲ့ဘူး
လေပြေအဝှေ့
လှိုင်းနဲ့အတွေ့မှာ
သိုင်းပွေ့ထားတဲ့
အလွမ်းထုပ်ကို
ဖြေချလိုက်တယ်
ငါ့ရင်ထဲမှာ
ရင်ခုန်လွန်းတဲ့
မင်းမျက်ဝန်းပဲ
သိမ်းထားတော့မယ်
သူရဇ္ဇ
***********************************
* အလွမ်းဓာတ်ဆုံဆောင်းရိပ်မြုံ *
ဆောင်းစက်နှင်းမှုန်
ချမ်းအေးတုန်လည်း
အလင်းစက်အောက်
နှင်းဖွဲပျောက်၍ခြောက်ခဲ့ပြီ
ပြာလဲ့ကောင်းကင်
အလင်းတောက်လည်း
ညရီတရောအလင်းနောက်သို့
ပြားပြားဝပ်၍ပျောက်ခဲ့ပြီ
ညချမ်းအေးအေး
ခိုက်ခိုက်မှေးလည်း
ဝိညာဉ်လွင့်မတတ်
စောင်ခြုံ ပတ်လျက်နက်ခဲ့ပြီ
သောကမီးပူ
အလွမ်းတေးကြူ လည်း
ပျိုပေါ်မလာဆောင်းတညမှာ
အလွမ်းထမ်းပိုးလေးလှပြီ်
သန်းခေါင်ယံထက်
တချက်တီးလည်းမောင့်မှာစက်မရ
အတွေးထဲဝဲခင်လေးမျက်နှာ
ဆေးရေးခြယ်၍ဆွဲခဲ့ပြီ
ချစ်သူသက်ထား
မုန်းပစ်ထားလည်း
နေ့စဉ်နှလုံးသည်းခြေဆုံးမှာ
မေ့ပျောက်ပစ်လို့မရတော့ပြီ
Phyur…/\/*L့
***********************************
* အတ္တတစိမ်း *
မာနတွေကိုထားခဲ့လေသလား
လေတံခွန်ဟာတိမ်စိုင်တွေကို
ယိမ်းနွဲ့စွာမျောလွင့်စေဖို့
လှပစွာတိုက်ခတ်တယ်
လေနှင်ရာလွင့်စင်ဦးမယ့် အတ္တ
တောင်ဘက်မှာမိုးတွေချုပ်တော့
ငှက်တအုပ်အိပ်တန်းတက်ဖို့
အသိုက်အမြုံ ဆီကိုအသီးသီးပြန်
သူပါမလာခဲ့တော့မွေးရပ်မြေကို
ငါမျှော်နေဆဲတနေ့နေ့ဆိုတဲ့အသိ
ကြက်ဖတွန်လို့မိုးမချုပ်ပါဘူး
ရင်လွှာထက်ကအနမ်းတွေနဲ့
နင်လှမ်းမဲ့လမ်းတွေကို
အကြင်နာမိုးတွေသွန်းပေးမယ်
ရက်စက်စွာချနင်းပစ်ခဲ့တာအမှိုက်
ဟောမသိစိတ်ကပြောပြ
ဟိုးအဝေးမှာမင်းပျော်နေတယ်
နေရာသစ်မှာ ဒုက္ခမတွေ့ဖို့
နံနက်ခင်းမှာအချိန်မှန်ဆုတောင်း
ကျောရိုးထက်ကအေးမြခြင်းတွေစိမ့်
မလာနဲ့တော့အစိမ်းရောင်ချစ်ခြင်း
ခနနေရင်ကြွေရမြေခတော့မှာ
နင်းလျှောက်တိုင်းကြေမွ အသည်း
လေဟာနယ်မှာဝဲအဝေးမှာလည်း
အေးမြခြင်းတွေရှိကောင်းရှိနိုင်ရဲ့
ကွဲအက်ခဲ့တဲ့ကျောက်စရစ်ငယ်
အနည်းဆုံးတော့လမ်းခင်းလိုက်
တဘဝစာခိုင်လုံတဲ့ချစ်ခြင်းမေတ္တာ
ငြို ငြင်စွာတွန်းကန်တဲ့သူကို
ဘောင်ခတ်ပြီးမထားခြင်တော့တာ…
Phyur…/\/*L့
***********************************
မင်းအနား
ချစ်သူ
အိပ်မရတဲ့ ( ည )တွေ
အရမ်းလွမ်းရတဲ့
( နေ့ ) တွေ
ငါဘာလုပ်နေလဲ
မင်းမေးကြည့်ပါလား
ငါအရမ်းဖြေချင်နေတယ်
မင်းအနားကို
အ ရောက်သွားခါ
မင်းပါးလေးကို
ငါနမ်းရှိုက် တက်သလို
မင်းအလှတွေကို
ငါထိုင်ငေးနေတယ်
ချစ်သူ
သိပ်ချစ်လို့
မင်းအနားပါ
နေမင်းအာကာ
***********************************
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
Tuesday, 29 December 2015
အချစ်နွံ
***အချစ်နွံ**
မ တူ ညီ တဲ့ ပတ် ဝန်း ကျင့့်
ကျင် လည် ရာ အ သိုင်း အ ဝိုင်း
ကွာ ခြား တဲ့ အ သက် အ ရွယ့့်
ဒါ တွေ ကို ဘာလုပ် ရ မှာလည့်း့ကွယ့့်
ထား လိုက် ပါ ကွယ့့်
အ ချစ် ဆို တာ က လည့်း့
ကို ယ် တိုင် ကြုံ မှ သိ နား လည် တာ မျိုး မို့
ရှင်း ပြ ရ တာ လဲ့ခက် ပါ ရဲ့
မောင် ရယ့့်မောင် ရယ်
ကြာရင့့်ရှုးမယ်
မ ဆုံ နိင် တဲ့ အ ကွာ အ ဝေး တွေ နင့် 
ပြောင်း လဲ ခဲ့ တဲ့ အ ဖြစ် တွေ ကို့
မေ့ ထား တာ လာ့း့ တမင် မေ့ စေ ခဲ့ တာ လာ့း့
မသိ ခဲ့ ရပေ မဲ့
မ ထင် မှတ် တဲ့ အ ဖြစ် ဆိုး က
လ မင်း ကြွေ့အ လင်း ပျောက် ည ထဲ
အ လွမ်း ဆို တာ့
ဒီ ရင် ခွင် တခု လုးံ့ကျွမ်း လု ခဲ့ ရပေါ့
တွေး လိုက် တိုင့်း့တွေးလိုက် တိုင်း
ရင် နင့်  ကြေ ကွဲ ရလွန်း လို့
အဲဒီ လို အိမ် မက် ဆို့း့
တစ် ရေး နိုး မှာ့
ကို ယ့်  ကို့ ဒီ အ ချစ် နွံ က
လန့်  နိုး ခွင့် ပြု ပါ့ သခင်
့လန့်  နိုးခွ င့်  ပြု့ ပါ့ လို့ 
အညတြ့ဆရာမ့ မေ လ ရိပ် ထာ့း့
Sunday, 27 December 2015
မိန်းကလေး
ရေရှည်ကိုတွေး မိန်းကလေး
ခဏ တာပျော်ရွှင်မှု အတွက်
ဘဝ ကိုဓျေးတင် မရောင်းမိစေနဲ့
အလှမက်ရင်းနဲ့ ဘဝ ပြတ်သူတွေထည်းမှာ မင်းပါမှာဆိုးလို
ပျော်ပျော်နေပါ မပြတ်စေနဲ့
(ခတ်ဆန် တာကိုမပြေားလိုဘူး
ကိုယ်ဘာလူမျိုးလည် အရင်တွေးပါ)
မှတ်ချက်။ ။ မြန်မာမိန်းကလေးများ အတွက် နားလည်ပါစေ
နှစ်လုံးသား လုင်(ကျောက်ဆည်)
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၅၅
တို့နှစ်ယောက်ဘဝ
ချစ်ခဲ့စဉ်က
ဘယ်အခါမခွဲ
တိုင်တည်ရည်စူး
ချစ်ကြည်နူးခဲ့
မေသာမောင့်အသက်
နှစ်လွှာတလက်
စွယ်တော်ရွက်လို
ပုံပမာဆို
အချစ်ပိုခဲ့ကြ
တနယ်ဆီဝေး
တဖြည်းဖြည်းနဲ့
အနေဝေးကာ
မတွေ့တာကြာတော့
ငါ့ကိုနင်မေ့
တရွေ့ရွေ့နဲ့
ဘယ်၍ဘယ်မျှ
ငါလွမ်းပြလည်း
သွေးအေးရက်စက်
နင်မုန်းတက်ခဲ့
ပျောက်ရင်တနေ့
ငါရှာတွေ့မည်
စိတ်ကရည်လည်း
မမြင်အောင်ရှောင်ပုန်း
နင့်အပြုံးလေး
ရှာသော်မတွေ့
မေ့လည်းမရ
အနေခက်လှပြီ
ခြေဖျက်မရသည်
အတိတ်ကနင့်စကား
ပြန်လည်ကြားဆဲ
အားနည်းခိုက်မှာ
အတူတူဆိုထား
သစ္စာစကားလည်း
စွယ်တော်ရွက်လို
နှစ်မွှာတစ်လက်
ထက်ခြမ်းအက်လို့
ပုံပြင်တပုဒ်
ဖြစ်ခဲ့ပြီလား ဟာ ။
သူရဇ္ဇ
***********************************
ဝေဒနာ
ဒဏ် ရာလို့
ငါမ ပြောပချင် ဘူး
နင့်ကိုချစ်ဦးသူမှို့ပါ
လွမ်းပြတာကို
စိတ်မဝင် စား
နင် အချစ်မှားခဲ့တဲ့
ငါ
လမ်းပျောက်သော
ကြယ်ဟာ
မ တောက်ပပါဘူး
ငါ နင့်နားမှာ
မရှိသင့်တာ
ငါ့ရင် ထဲမှာ
ဝေဒနာအသိပါ
နေမင်းအာကာ
***********************************
ဟေမာန် အလွမ်း
ငွေနှင်းရည်ဖျန့်ကျဲ
မနက်ကတည်းက
လွမ်းနေမိတဲ့ ငါ
နေမင်းကြီး
အနောက်ကွယ်လျှိုး
ဘယ်အငြိုးလဲမသိပဲ
တဖွဲဖွဲကြွေကျ
နှင်းတွေကမစဲ
ဟေမာန်ဆောင်း
အစွမ်းပြလို့
ချမ်းလှတဲ့ညတွေမှာ
ငါ့ဝေဒနာကို
ကောင်းကင်မှာပစ်ဝဲ
နင့်အသည်းမှာ
ပန်းတပွင့်အဖြစ်
သန္ဓေတည်လို့
ပြန်လည်မွှေးဖွားရင်
ဆောင်း၏သခင်
ပန်းသဇင်သာ
ဖြစ်ပါစေသား
ပွင့်ဝေမဝခင်မှာ
လွင့်ကြွေကျရတဲ့
ပန်းမျိုးမဖြစ်ဖို့
တောင်းဆုခြွေ
သြော့့်။
မင်းဘဝ
ရွှေသဇင်ဆို
မြေပြင်မှာ
မကြွေပါစေနဲ့ ။့။
သူရဇ္ဇ
***********************************
ကချင်မြေမှ
ဖိတ်ခေါ်သံ
ချစ်စရာဓလေ့
အတူပျော်မွေ့ဖို့
ပျူငှာစွာဖိတ်ခေါ်
စိတ်ပျော်စရာ
သဘာဝအလှနဲ့
စိမ်းလန်းတဲ့ဒီမြေ
ခေါင်ရည်တကျိုက်
ပန်းသီးတကိုက်နဲ့
မောလည်းမပြန်ချင်တဲ့
မနောပွဲအသံတွေက
တောထဲပျံ့လွင့်
ရနံ့အစစ်နဲမွှေးကြူ
ဘေးလူစိတ်
ရင်သိမ့်စေမယ့်
စိမ်းညှို့ညှို့
အမှောင်စပ်လမ်းမှာ
တောင်ဇလပ်ပန်းတွေ
အစီအရီနဲ့ပေါ့
ကွေ့ကောက်ရစ်ခွေ
မြစ်ဧရာထဲစီးဝင်တဲ့
စမ်းချောင်းတွေ
ရင်သပ်ရှု့မောစရာ
ဆွမ်ပရာဘွမ်န်
ရေတံခွန်ကြီးလည်း
တဝေါဝေါနဲ့
ပြောမကုန်အောင်
လှပတဲ့မနောမြေ
ပြောနေတဲ့ခပ်ဝဲဝဲ
စကားသံတွေနဲ့
တခါရောက်
တသက်မမေ့တဲ့
အမှတ်တရတွေနဲ့
ပြန်ဖို့ကိုမေ့စေတဲ့
ဖော်ရွေမှု့က
ရင်ထဲမှာစိမ့်ပျော်လို့
ဖိတ်ခေါ်ပါရစေ
မနောမြေ့။
သူရဇ္ဇ
***********************************
ဆောင်း၏နိဒါန်း
ဖွေးလွှလွှငွေနှင်း
အေးမြအောင်
ကြွေဆင်းလို့
လောကကိုအလှဆင်
ဆောင်းရဲ့ဝိဥာဉ်ဟာ
အေးမြနေမှ
သဘာဝကျလိမ့်မယ်
လေးသွဲ့သွဲ့
မြောက်ပြန်လေနဲ့
စီးဝင်လာတဲ့မွှေးရနံ့
သြော့်သဇင်ဆိုတာလည်းဆောင်းရဲ့
သခင်ပဲမဟုတ်လား
နွယ်ယှက်လို့ထိုးတက်မိုးထက်ကိုမျှော်
ဥတ္တရလေညှင်း
ဆောင်ယူသွင်းမယ့်
သမုဒယလပြာသိုမှာ
ဒုတိယမြခွာညို
ဆိုတာလည်း
ဆောင်းရဲ့ဒုတိယ
အရှင်သခင်ပဲ
မဟုတ်လာ့း့။
သူရဇ္ဇ
***********************************
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
ညီမငယ်များသို့ ပေးစာ
Saturday, 26 December 2015
Friday, 25 December 2015
ပြန်မလာနဲ့တော့
တစ်ပါးသူရင်ထဲခြေစုံပစ်ဝင်ပြီးမှ
အဆင်မပြေမူတွေ
စိတ်ညစ်စရာတွေရှိတဲ့အခါ
ရင်ခွင်ဟောင်းဆီကို
ပြန်လာဖို့စိတ်မကူးနဲ့
ကျုပ် အရူးမဟုတ်ဘူး
ခင်ဗျားအတွက်အချစ်တွေ
အမှိုက်ပုံးထဲစွန့်ပစ်ခဲ့တာ
အတော်ကိုကြာနေခဲ့ပြီ
တစ်စုံတစ်ယောက်နဲ့
အချစ်ကိုဝေမျှယူရအောင်လဲ
ကျုပ် ငတုံးမဟုတ်ဘူး
မျှော်လင့်ချက်တွေရိုက်ချိုး
အိမ်မက်တွေတစ်စစီစုတ်ပျက်
နှလုံးသားကိုဒဏ်ရာဗလပွတွေနဲ့
ကျုပ်ကိုကျန်ရစ်ထွက်သွားပြီး
တစ်ပါးလူမကောင်းမှ
ပြန်လာချင်းသပါ့ဆိုရင်တော့ လဲသာသေလိုက်တော့ ချစ်သူ
သစ္စာဖောက်သွားတဲ့ ခင်ဗျားကို
ပြန်လက်ခံရလောက်အောင်
ကျုပ် သဘောမကောင်းဘူး ။ ။
shwe htet(ဘာမှမတတ်သော)
အချစ်
နင်မရှိတဲ့အချစ်တွေနဲ့
နင်မသိလည်းဆက်ချစ်နေဦးမယ်
အချစ်ဆိုတာ
ပိုင်ဆိုင်မှုမဟုတ်တာသိနေမှတော့
ချစ်နေရရင်ပြီးရော ...
ငါ့ဘက်ကတစ်ဖက်သတ်လို့ဆိုဆို
အရူးတစ်ယောက်လို့ပဲ စွပ်စွဲစွဲ
ဘယ်တော့မှမပြောင်းတော့မယ့်အချစ်တွေနဲ့
ငါ့တစ်ယောက်တည်းချစ်နေရရင်
ကျေနပ်ပြီ ....
မုန်း(beetalk)
ရင်ထဲက စကား
နွေနဲ့တူသော အချစ်
Wednesday, 23 December 2015
ဆက်သွားလိုက်ပါ
ထားခဲ့ပြီမဟုတ်လား
ဘာလို့များ လှည့်ကြည့်နေသေးတာလည်း
နင်ထွက်သွားပြီးကတည်းက
ငါ့ရင်မှာ နင့်အတွက်နေရာမရှိတော့ဘူး ....
အတ္တတွေ မာနတွေထားပြီး
ငါ့ကိုစွန့်ခွာသွားပြီးမှတော့
အဲ့ဒီမာနတွေခ၀ါချပြီး
ဘာလို့များ လှည့်ပြန်ချင်နေတာလဲ ....
ကျောခိုင်းထားပြီးမှတော့
အဲ့ဒီလမ်းအတိုင်းသာဆက်လျှောက်
နောက်ကြောင်းပြန်မလှည့်နဲ့
ငါနင့်ကိုသတ်မိလိမ့်မယ် ....
မုန်း(beetalk)
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၅၄
မင်းလေးကိုချစ်မိ
အပြစ် ရှိလျှင် လည်း
နေပါစေ
အဲ့ဒီအပြစ်တွေ
မ ခြေပ တော့ဘူး
မင်းလေးကို
ငါ့နှလုံးသားက
ချစ်တာဟာ
အမှားတွေပါဆိုလည်း
အဲ့ဒီအမှားကို
ငါမပြင်တော့ဘူး
ဘာလို့လဲသိလား
ကောင် မ လေး
ငါမင်းကို
သိပ်ချစ်လို့ပါ…………
နေမင်းအာကာ
---------------------------------
'*'မျှော်လင့်ချက်'*'
ရင်ထဲအချစ်များ
ပြောပါရစေသား----
မင်းကိုချစ်ခဲ့ တစ်ဘဝစာအတွက်
သို့သော်-----
အကြောင်းကံမလှ ငါ့ဘဝ
မင်းနဲ့ကွာခြား ဂုဏ်ဓနများ
အတူနေဖို့ရယ် ကံကြမ္မာက
ဖန်မလာတော့
ရင်နာနာနဲ့ ငါရှုံးပြီပေါ့
ဒဏ်ရာများသာ ရင်ဝယ်ပိုက်လို့
မျှော်လင့်ဆဲမျက်ရည် တဝေဝေနဲ့
ချစ်လို့နေပါရစေ
ချစ်ရသောသူရေ---
"*" သန္တာ"*"
---------------------------------
ဘာလိုသေးလဲ
ငါ့ဘဝအစက
အမှန်တွေမမြင်ခင်
သူရှပ်ပစ်လိုက်တဲ့
ခဲတချက်ကြောင့်
အသည်းထက်မှာ
ကွဲအက်ရာတွေနဲ့
စွဲမက်စရာ
သူ့ပုံရိပ်က
မျက်စိစုံမှိတ်လည်း
မေ့ဖျောက်လို့မရ
မလိမ်မညာကြောင်း
လျှောက်လဲချက်
ပေးခဲ့ပေမယ့်
တယောက်ထဲချစ်တဲ့
ဘဝက ခက်ခဲ
တဖက်အသည်းမှာ
အမျက်လည်းမပြေ
အရှက်နည်းနေ
အကျွန့်သည်းကို
နွံထဲမှာစွန့်ကျဲလို
နင်းလျှောက်ချင်လည်း
ရင်ခွဲကာ
ချခင်းပေးထားမယ်
လိုချင်ရင်ယူသုံး
ပြုံးပြုံးလေး
ဖြည့်စည်းပေးလို့
နင်ပြုံးရင်ငါပျော်
နင်လိုအပ်ရင်
ငိုတက်တဲ့
နှလုံးသားကို
အရှုံးထားပြီး
ငါငိုပေးမယ် ကဲ
ဘာလိုသေးလဲ ?
ချစ်သူ
သူရဇ္ဇ
---------------------------------
* ဘာမှမလိုဘူး *
သွေးတစက်
ငါရက်စက်တယ်
မပြောနဲ့. . . . .
ဒဏ်ရာတွေ
ဗလပွနဲ့
ရင်လွှာကိုဖွင့်ပြ
အသည်းကြားက
နာကျင်မှုတွေ
နင်တွေ့ရဲ့လား
သိမ့်သိမ့်တုန်နေတဲ့
နှလုံးသားကို
မပစ်ခွာဖို့
မျက်ဝန်းကိုရင်း
အံတင်းကျိတ်လို့
လည်စင်းပြခဲ့ပြီးပြီ
ဓာသွားထက်က
သွေးစက်. . . . .
သကြားအနှစ်လို
ချို မြိန်တယ် လို့
ထင်နေတာလား
နင်ထားခဲ့တဲ့
နေရာမှာ
မလှုပ်မယှက်
ငါမှေးစက်ရင်း
နေဝင်ချိန်တွေ
ပျောက်ကွယ်ခဲ့တာလည်း
များနေပီ. . . . . .
ိကောင်းကင်ဟာ
လင်းထိန်နေလည်း
ငါ့ရင်ဘတ်တွေ
မဲမှောင်နေဆဲ
ဘဝတခုလုံးတော့
မပျက်ဆီးသေးပါဘူး
နင့်အတွက်
ပေးဆပ်ဖို့
အားတင်းရင်း
ခံထားတယ်
နင့်အပြုံးများ
ငါ့ရှုံးလားမခွဲတတ်
အသက်မကချစ်
အသည်းကွဲမတတ်
ဖြစ်ရလည်း
အစားထိုးမရ
နင့်ကိုငါချစ်တယ်
ဘေးဖယ်လို့
မျက်ကွယ်ပြုလည်း
မမုန်းရက်သေး
အပြုံးဝေလျက်
ဒါတောင်နင်က
ငါ့အပေါ်မစာနာ
လမ်းခွဲစကား
အခါခါပြောတယ်
ညအခါ
လသာသာမှာ
နင်ကစားစရာ
အရုပ်တရုပ်လို
ငါကအရမ်းကို
အပြင်းပြေ
ဆော့လို့ကောင်းခဲ့
နင်အရမ်းပျော်ခဲ့
ငါအရမ်းမိုက်ခဲ့
ပြသနာမရှိ
လှပစွာ
ဆက်ကမယ်
မာယာတွေနောက်
ကြိုးဆွဲရာလိုက်မဲ့
ရုပ်သေး
လက်ညိုးလေးတွေနဲ့
ရင်ဘတ်ကို
မတွန်းထုတ်ပါနဲ့
နာကျင်လို့
တခုတော့ပြောမယ်
နှလုံးသားကိုနှုတ်
* ဘာမှမလိုဘူး
တစစီလုပ်ခဲ့
အသက်မဲ့ချင်
မဲ့သွားမယ်
အပူတွေတော့
နင်မမြင်အောင်
သွေးစက်တွေနဲ့
ဖုံးထားတယ်
ဟန်ဆောင်ကာ
ငါရီလို့နင်ပြန်ရင်
မျက်ဝန်းက
ထိန်းမရသိမ်းမရ
ပြို စင်းလို့
မြေမှာခစားတဲ့
ပုလဲစက်
ဘေးဖြစ်မှာ
မဟုတ်ပါဘူး
အဆွေးဓာတ်တော့
နည်းနည်းများတယ်
ငါငိုမိလို့
နင်မပြန်ခင်
စကားနည်းနည်း
နိဂုံးချုပ်မယ်
ငါ့အတွက်
နင့်အချစ်ကလွဲရင်
ဘာမှမလိုဘူး
ချစ်သူ…/\/*L့
Phyur…/\/*L့
---------------------------------
* တမ်းတ *
သာယာသောမနက်ခင်းကို
အလွမ်းနဲ့ရှုစားရင်း
ဟိုးအဝေးဆုံးကိုငေးနေမိတယ်
ငါနင့်ကိုလွမ်းတယ်
နင်ရောငါ့ကိုလွမ်းနေမလား
ငါသိချင်နေမိတယ်
ဆောင်းနှင်းလေပြေအေးစက်လို့
ငါ့နှလုံးသားလေးတုန်ရီနေပီ
နင်ပြောတဲ့စကားလေးတွေ
ခုငါရေရွတ်နေမိတယ်
သတိရလို့ပေါ့ချစ်သူရယ်…
Phyur…/\/*L့
---------------------------------
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
ဆုတောင်း
ကျုပ်မရှိမှပျော်နိုင်မဲ့
ခင်ဗျားလေးကိုလဲ
ကျုပ်မေ့လိုက်ပါပြီ
ကျုပ်မရှိပဲနေနိုင်တဲ့
ခင်ဗျားလေးအတွက်
ကျုပ်အဝေးထွက်သွားပြီး
ဆုတောင်းပေးလိုက်ပါတယ်
ကျုပ်ထက်အဲသတ္တဝါကို
ပို၍ချစ်ပေးနိုင်ပါစေလို့……။ :-D
shwe htet(ဘာမှမတတ်သော)
ကျနော်မတက်သခေါက်ရေးထားသောကဗျာများ
ကိုဝေဖန်အကြံပြုလိုပါက09253525820သို့ဆက်သွယ်နိုင်ပါသည်။
Tuesday, 22 December 2015
အနမ်းမိုး
လွမ်းရောင်သမ်းတဲ့ ရှမ်းတောင်တန်းမှ ချစ်တပည့်များသို့...
အဝေး က မူန် ပြာ ပြာ့
လွမ်းစရာ ရှမ်း တောင် တန်း နင့် တောအထပ်ထပ်
တောင်လွှာ ကာဝန်း လို့
စိမ်း လဲ့ လဲ့ ရေ တံ ခွ န် အေး ချမ်း ကာ သာစွ
မြို င် ကြီး တခွ င် လယ် ယာ ကွင်း တွေ ဖြင့် 
သိပ် လှ တဲ့သီ ပေါ မြေ့
ဆရာ မ လုံ ဆရာ မ အွမ် " ကြင် ရောက် ဟား " ရယ် လို့ နှတ် ဖျား သံ ရှမ်း သံ ဝဲ ဝဲ ရယ် နင့့်
ပဲ ပုပ် နဲ့ ကောက် ညှင်း ပြင်
" ကြင် ခေါက် ညို " ကြင် ထို နောက် " ပါ တဲ့
ပြုးံ လို့  ရယ် " ကြင် ရောက် ဟား "့
ကျောင်းတော် သာ စာသင် ခန်း မှာ လ့
ပင် ပန်း ကာ မနား ပါ ဘု
နာ သုးံ နာ အ ရင်း ခံ ရင် နာ ခြင်း အ ဆစ် ထည့် ပါ လို့ 
စိတ် ထား ဖြူ စင် ကြယ် နင့့်
လူ မ မယ် ရှမ်း ရင် သွေး ကို လ
စာ ထို ထို က ဗျာ တေး နင့် 
ရေး တွက် ကြ သ ချာင်္ တွေ
နိမ် ဆောင် ဆန် စီ ဟ ဟုတ် ကြစ် ပျက် နင့် 
ကျောင်း တော် သာ မှာ့
ပီတိ တွေ ပွင့်  မဆုးံ မွှေး စေ သာ့း့
ရှမ်း - မြန် မာ မကွဲ တူ ညီ လို့
ချစ် ကြည် ဖြူ ရိုင်း ပင်းကူ ညီ့
မြဲ မြဲ ခိုင် လက် တွေ တွဲ ပါ လို့ 
ရင် ထဲ က နွဲ့  ပျော် စ ရာ့
မြန် မာ ပြည် မြောက် ဖျား
နောင် အန် ဆို တဲ့ ကျေး လက် ရွာ မှာ့
အ ကိုင်း အခက် အဖူး အပွင့့်သန်
အပင် တိုင် " စံ " ဖြစ် ဖို့ 
အနစ် နာ ခံ ပေါင်း သင် ရင်း နဲ့
ရက့့် လ့ နှ စ့့် ပွား
အ့  မ့  က နောင် အန် သီ ပေါ မြို့  ရှမ်းပြည် မြောက် ပိုင်းက တပည့်  များသို့  လွမ်း ဆွတ် သတိ ရလျက့့်
အညာ မြေ ရောက့့်အညတြ့ဆရာ မ့ မေ လ ရိပ်ထား
Sunday, 20 December 2015
ကျုပ်ချစ်သူ
ဪ..........
ကျုပ်ချစ်သူလား
မရှိတော့ဘူးလေ
တခြားသတ္တဝါနောက်
ကောက်၂ပါအောင်
လိုက်သွားလေရဲ့ :-D
shwe htet(ဘာမှမတတ်သော)
ကျုပ်အဆင်ပြေပါတယ်
မေ့ပစ်လိုက်ပါတော့
လမ်းခွဲကျရအောင်ပါတဲ့လား
ဟုတ်မှာပါလေ!!!!!
ဘာမှမက်မောစရာမရှိတဲ့
ကျုပ်ဘဝထဲခင်ဗျားလေး
ဘယ်လာချင်းပါ့မလဲ!!!!!!
ကျုပ်နားလည်ပါတယ်
ကျုပ်ထက်သာတဲ့လူဆီမှာ
ခင်ဗျားလေးပျော်မယ်ဆိုရင်
ထွက်သွားလိုက်ပါတော့!!!!!!
နှလုံးသားအက်သွားယုံကလွှဲလို့
ကျုပ်အဆင်ပြေပါတယ်……………။
shwe htet(ဘာမှမတတ်သော)
Saturday, 19 December 2015
ကတိ
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၅၃
ဟိုးအဝေးဆုံး
ကောင်းကင်ထက်
တထောင့်တည
လမင်းနဲ့အတူ
မရှင်းမလင်းတဲ့
အလွမ်းတေး
တခင်းကို
သက်မဲ့စွာနားဆင်
အရမ်းချစ်လျှင်
တခဏတော့ဆွေး
အနေဝေးလည်း
သံယောဇဉ်
မပျက်ခဲ့……
တနေ့တာ
လွန်ရင်တော့
စိတ်အမောတွေ
အလွမ်းတွေကြား
ဆို့နင့်စွာ
ဝေရဦးမည်ပဲ
မထူးတော့
ဒီသီအိုရီကို
လှပစွာ
အဆုံးသတ်
သူပြောတဲ့
လုပ်ဇာတ်မှာ
ကိုယ်က
ဝါသနာအရ
ကခဲ့ရတဲ့
အဖြည့်ခံကွက်လပ်
နှလုံးသားချင်း
အပ်တော့
အချစ်စစ်တွေ
ပျောက်နေခဲ့
ညာခဲ့သူ
တယောက်အတွက်
ဆက်မနိုးရက်
ပျော်ပါစေ
ဒီချစ်အိပ်မက်ထဲ
အဆုံးမသတ်ခင်လေးတော့
ဖြည်းဖြည်းခြင်း
လှမ်းလျှောက်နေ
တိတ်တဆိတ်လေး
လိုက်မခိုး
ကြည့်ရက်တော့
ပန်းပေးရင်
အလှမ်းဝေးသတဲ့
ငါ့အတွက်တော့
ပန်းမပေးလည်း
ဝေးနေဆဲ
အချစ်စစ် နဲ့
လမ်းခုလတ်မှာ
ခလုပ်တိုက်
လွှဲနေတယ်
နှလုံးသားလေး
ပြုတ်ကျခဲ့ရပီလေ
ရက်စက်လိုက်တာ
ရုန်းထရင်း
အဝေးဆုံးမှာ
ပျော်နေသူလေးကို
တချက်လှမ်းငေး
ဒါအတွေးတွေပဲ
ပုံရိပ်လေးတွေနဲ့
အတူတူ
မုသားမပါတဲ့
တေးသွားချို
သံစဉ်အေးတပုဒ်နဲ့
နင်ဖျက်ဆီးခဲ့
ငါ့နှလုံးသားကို
ချော့သိပ်လို့ပေါ့
သံစဉ်နဲ့အတူ
လိုက်လို့က
ငိုကြွေးနေတဲ့
နှလုံးသားကို
ဆွဲနုတ်လို့
မောင်းထုပ်လိုက်ချင်တယ်
မျက်ရည်တွေကို
သနားလို့……
ငါ့ရင်ဘတ်က
သူတကာ
တက်ခိုတဲ့
ဇရပ်အိုလို
ခြောက်လှန့်မှုနဲ့
ဝိုးတဝါး
မိုးစိုလို့နားတဲ့
ငှက်ငယ်လို
ဟိုသွားဒီသွား
ငါ့ဘဝကို
ဆော့ကစား
မိုးစက်ခါသလို
အချစ်တွေကို
ဟိုတစဒီတစ
ပစ်သွား…
ခြောက်သွေ့တော့
အဝေးဆုံးကို
ပျံသန်းခဲ့
ကြမ်းပြင်မှာ
စွန်းကျန်နေတဲ့
မိုးခါးရေတပေါက်လို
ခရီးတဝက်မှာ
မထောက်မရှု
ပျောက်ဆုံးစ
ပြုနေပီလေ…/\/*L့
Phyur…/\/*L
---------------------------------
**သူငယ်ချင်း**
ခဏကြုံရ ဤဘဝမှာ
လောကဓံကို ကြံကြံခံလို့
ဘဝတိုက်ပွဲ ဆင်နွှဲရအုံးမလေ-----
ကံကြမ္မာအဆိုးကောင်း
တလှည့်စီကြောင်းလို့
အခက်ခဲများစွာကြုံတွေ့ရလည်း
အားမငယ်ပါနဲ့သူငယ်ချင်း---
ပတ်ဝန်းကျင်မှပြောစကားများ
ယုံသင့်မယုံသင့်ဥာဏ်နှင့်ဆုံးဖြတ်
ယုံကြည်ရာလမ်း တည့်တည့်လှမ်းလို့
ဘဝခရီးဖြောင့်ဖြူးအောင်သာ
လျှောက်လှမ်းနိုင်ပါစေ
သူငယ်ချင်းရေ----
ဘဝအလယ်အလှကြွယ်၍
လိုရာပန်းတိုင် လှမ်းကိုင်နိုင်စေ
တောင်းဆုချွေတယ်
သူငယ်ချင်းရေ---
"*"သန္တာ"*"
---------------------------------
စင်တော်ဖွင့်အမှီ
လွင့်ကြွေရန်
ဆန္ဒမရှိသလို
အမြင့်နေရန်လည်း
ကံကမရှိ
နုစဉ် အဖူး
ရင့်ရင်အပွင့်ဝေလို့
ကြွေရင်လည်း
သခင့်မြေ
ဝေရင်လည်း
သခင့်မြေပါ
တင့်ဝေဆာ
သဇင်ပန်းလို
အသွင်ဆန်းနေလည်း
အမြင့်မှာမနေလို
သေလို သေ
သခင်မြတ်နိုးရင်
ခရေပန်းလေးသာ
ဖြစ်ပါရစေ
နှစ်လတွေ
ဘယ်လိုပြောင်းစေ
သခင်နမ်းရင်
သဇင်ပန်းထက်ပိုမွှေး
ခရေလေးအဖြစ်နဲ့
သခင့်ခြေရင်း
ကြွေဆင်းပေးလို့
ဟေမာန်ဆောင်း
အစွမ်းပြလို့
ချမ်းလှတဲ့ဒီညမှာ
သဇင်မဖူးခင်
စင်တော်ဖွင့်အမှီ
သခင် နမ်းလှည့်ပါ
သူရဇ္ဇ
---------------------------------
ချစ်ဦး သို့
မှတ်မိနေလား
အမှတ်တရ တွေလေ
နင် နဲ့အတူသွား
ပျော်ပါးခဲ့နေရာတွေ
ရင် ထဲက နေ
မေ့မရ လေဘူး
အချစ်ဦးရေ……
လွမ်းရ တော့လေ
ငါ့မှာအမည်ပြောင်း
ငယ်ပေါင်းတွေ
ခေါ်သလိုမဟုတ်တော့ဘူး
အသည်းနင့်နင့်
ရင် မှချစ်ခဲ့ရ သော
သူ့အတွက်အလွမ်း
မန်းမြေမှ
လွမ်းနေ သော
လူတစ်ယောက်အတွက်
* လွမ်းဝေ * လို့
ချစ်ဦး သူ•••••••••
နေမင်းအာကာ
---------------------------------
ကောင် မ လေး သို့
ရင် ထဲက ဝေဒနာ
သေချာတာမရှိပေမဲ့
နေရာတစ်ကာ
ကြည့်ရတာ
အလွမ်းတွေပါ
ရယ်စရာ
ပလီပလာ
ပြောနေတာထင် မယ်
ဒီမယ်အမိ
မင်းကိုချစ်သည့်
ကျုပ် ရင် ထဲက
အချစ် ရှိသည်ကို
ကျုပ် ပဲသိတယ်
အ ခြေ နေက
သူစိမ်းတွေပါ
ဒါကြောင့်မှို့
စကားတစ်ခွန်းပြောမယ်
ရိုးရိုးလေးပဲ
ချစ်တယ်………
နေမင်းအာကာ
---------------------------------
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
Tuesday, 15 December 2015
ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၅၂
နောက်ကွယ်က
အေးစက်စက်အပြုံး
ငါရင်အနာဆုံးပဲ
အပြစ်မရှိတဲ့
နှလုံးသားကို
ဒဏ်ရာတွေမပေးရက်တော့
နားထောင်နေတဲ့
သီချင်းထဲကလို
နင်ရွှေ့နေတဲ့အကွက်များလည်း
အားလုံးချစ်တဲ့စိတ်နဲ့
မေ့ပစ်လိုက်ပါမယ်
ငါမသိချင်
ဟန်ဆောင်ထားရင်းနဲ့ပေါ့
ချစ်သူရယ်…/\/*L့
Phyur…/\/*L့
===========================
* ငါမသိချင်ဟန်ဆောင်ထားတယ် *
ပျော်နေသူ
တယောက်ကို
ပြန်လာပါ
တောင်းပန်ဖို့
ငိုနေရုံမှလွဲပီး
အခြားဘာမှငါ
မတတ်နိုင်ခဲ့ပါဘူး
ရင်ခွင့်ရဲ့
နောက်ကွယ်မှာ
ကြင်နာသူ
ပျော်ရွှင်ဖို့
ရင်နာသူငါငိုမယ်
ဘာမှမသိတဲ့
သူတယောက်လို
နင့်ရှေ့ရောက်တိုင်း
နှလုံးသားက
အပြုံးများနဲ့ကမ်းလင့်မဲ့
ချစ်ခြင်းတွေပေးနေရင်း
အတွင်းရင်မှာတော့
ငါပူလောင်နေတယ်
နင်မမြင်အောင်
ဖုံးဖိကာဆီးရင်း
ငါ့အနားမှာ
ဟန်ဆောင်ကာ
သာယာနေတဲ့ နင့်ကို
မမြင်ဟန်ဆောင်ရင်း
နင်ပျော်နိုင်ပါရဲ့လား
မေးလိုက်ချင်တယ်
တခါတခါ
ပျော်ရွှင်နေတဲ့
ငါ့အနားမှာတွေဝေစွာ
ငေးငိုင်နေတဲ့နင့်ကို
တွေ့လိုက်တိုင်း
ငါသိလာခဲ့တာတခုက
နင်ငါ့ကို……
စွန့်ခွာတော့မယ်လေ
ငါ့ရင်မှာတော့
သိနေလည်းမသိသလို
ဥပေက္ခာပြု ထားရင်း
စကားတွေနင့်အနား
တတွက်တွက်
ပြောနေခဲ့တာလေချစ်သူ
ငါ့ရင်ခုန်သံတွေမြန်နေတာ
ငါ့နှလုံးသားလေး
ခိုးခိုးပီးငိုကြွေးနေတာ
နင်မမြင်စေချင်လို့ဟ
နင်ကတော့
တခြားတယောက်ကို
သတိရတမ်းတနေမှာပါ
အရမ်းလွမ်းတဲ့
ညတွေမှာတိတ်တဆိတ်နဲ့ပဲ
အလွမ်းတွေကို
ကုစားနေရတယ်
နာကျင်နေတဲ့နှလုံးသားကို
ဘယ်လိုရှင်းပြရမလည်း
ငါမသိတော့ဘူး
သေချာတာတခုက
နင်နဲ့စကားပြောတိုင်း
ငါအသက်ရူသံတွေ
ဆွံ့အနေခဲ့တာကြာပီ
တဖြည်းဖြည်းကြဲလာတဲ့
ဆက်ဆံရေး နောက်ကွယ်က
အေးစက်စက်အပြုံး
ငါရင်အနာဆုံးပဲ
အပြစ်မရှိတဲ့
နှလုံးသားကို
ဒဏ်ရာတွေမပေးရက်တော့
နားထောင်နေတဲ့
သီချင်းထဲကလို
နင်ရွှေ့နေတဲ့အကွက်များလည်း
အားလုံးချစ်တဲ့စိတ်နဲ့
မေ့ပစ်လိုက်ပါမယ်
ငါမသိချင်
ဟန်ဆောင်ထားရင်းနဲ့ပေါ့
ချစ်သူရယ်…/\/*L့
Phyur…/\/*L
===========================
အလွှာ
ဂုဏ်ဓနတွေစည်းခြား
မြေပြင်နဲ့
ဝေဟင်ကြား
လေထုကဖြတ်ပြေး
မျက်ရည်လေးစီးခွေ
နီးလေလွမ်းလေ
အရှုံးစိတ်က
ပုန်းအိပ်လည်းမရ
လက်မလှမ်းဝံ့တဲ့
တော်ဝင်ပန်းတပွင့်က
နင်ဆိုရင်
တံချူကိုင်းငေးရတဲ့
ပန်းကောက်သူက
ငါပေါ့ချစ်သူ
လက်တွဲလို့
ဖြတ်သန်းချင်ကာမှ
နိမ့်ကျမှာစိုး
မြတ်နိုးလို့လည်း
မနမ်းသာ
နွမ်းမှာစိုးလို့
ခြွေလည်းမခြွေရက်
ကြွေပျက်မှာပူပန်လို့
မူမှန်စွာဘဝအသိနဲ့
အလှကြည့်ကာ
တိတ်တဆိတ်
မျက်ရည်ခြွေရင်း
အဝေးကခိုးခိုးပြီးလွမ်း
တမ်းတမှု့တွေက
ရင်နဲ့မမျှပေမယ့်
တို့နှစ်ယောက်ကြား
အလွှာ ခြားသွားခဲ့ပြီ
သူရဇ္ဇ
===========================
အားပေးခွင့်မရှိသူ
နင်အားငယ်နေတဲ့
အခိုက်အတန့်မှာ
နင့်အနားမှာနေပြီး
အားပေးခွင့်လည်း
ငါ့မှာမရှိခဲ့ပါဘူး
နင်မမြင်နိုင်တဲ့
အဝေးကနေ
နင်အဆင်ပြေပါစေလို့
ဆုတောင်းပေးယုံက
လွဲလို့ ငါလည်း
ဘာမှမတက်နိုင်ခဲ့ပါဘူး
နင်ဘယ်နေရာသွားသွား
နင်ဘာတွေပဲ
လုပ်လုပ် နေ့ရက်တိုင်းမှာ
ကျမ္မာပြီး
ပျော်ရွှင်ပါစေလို့
မိသား
===========================
သို့ •••ချစ်သူ
ပန်းအလှခြင်း
တူပေမဲ့လည်း
ခ ရေဖြစ်တဲ့
ချစ်သူမင်းကို
ငါဘာလို့ချစ်ခဲ့လဲ
မင်းသိလား
မြေခ ပေမဲ့
အ နေလှစွာ
မွှေးနေလို့ပါလေ
မိန်းမခြင်းတူပေမဲ့
နှလုံးသားမတူ
နားလည်မှု့တွေ
အပြည့်ယူထားတဲ့
ချစ်သူမင်းကို
တစ်သက်လုံး
ချစ်ပြမယ် ………
နေမင်းအာကာ
===========================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
Monday, 14 December 2015
အကိုသိကြားညီလေးစိုးရိမ်လွမ်းပါဗျ
အကိုသိကြားနေကောင်းရဲလား
ညီလေးကိုရောမှတ်မိ့ရဲလားဗျ
Saturday, 12 December 2015
အမုန်းတွေကို သင်ပုန်းခြေမဲ့ နှလုံးသား
Friday, 11 December 2015
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၅၁
*အလှသစ္စာ*
ရောင်စုံလန်းဆန်း
ရနံ့လွမ်းသည့်
ပန်းကလေးတွေ အလှဝေလဲ
မကြွေကျခင် အလှဆင်သည်
တဒင်္ဂအလှ သူ့ဘဝ…
တောတွေတောင်တွေ
အလှဝေလဲ
နွေမရောက်ခင်
အလှဆင်သည်
တဒင်္ဂအလှသူ့ဘဝ…
အသားရွှေဝါ ပါးနီတျာနှင့်
နှာတံမျက် လုံး ရှု့မဆုံးအောင်
ကော့မျက်တောင်နှင့်
နက်မှောင်ဆံပင်
မြင်သူတိုင်းငေး နုယဉ်ကျေး၍
နတ်ဆေးပန်းချီ ရေးမမှီသို့
စုံညီလှရှာ ထိုသူမှာလဲ
ဇရာမရောက်ခင်
အလှဆင်သည်
တဒင်္ဂအလှ သူ့ဘဝ…
စိတ်ထားကောင်းခြင်း
ရိုးသားခြင်းနှင့်
ရိုင်းပင်းကူညီ ဤသုံးလီကား
အခြားအလှ ယှဉ်မရ၍
ဘဝနောက်နှောင်
ကာလခေါင်ထိ
အရောင်ထွက်ဆဲ လှနေဆဲမို့
အမြဲထာဝရ လှမြဲလှသည်
အလှသစ္စာ
တရားပါတကား…
သစ္စာတရား
ရေးသူ-ဗလ
---------------------------------
မေ့ကိုတမ်းတ
လမိုက်ညမို့
တမ်းတငိုကျွေး
တ ငေးငေးနှင့်
မေ ပေးသမျှ
ချစ်ဒုက္ခကို
တညမ ပြေ
ညသ င်္ချေနဲ့
အိပ်နေ သော်လည်း
လွမ်းနေဆဲ
ရေးသူ-ဗလ
---------------------------------
နှစ်ခါကွဲတဲ့အသည်း
အလွမ်းတခုလို့
ခေါင်းစဉ်တပ်လို့
ကောင်းကင်ထက်မှာ
စုတ်ထွင်းရေးမိတဲ့
ငါ့ကဗျာ့
မင်းဖတ်ဖြစ်ရင်
သိပ်ကောင်းမှာပဲ
အတိတ်ကြောင်းမပါတဲ့လွမ်းဆွေးမှု့မှာ
လမ်းဘေးကပန်းတပွင့်လိုနန်းမဆန်ဘူးပေါ့
နင်လိုရင်ယူပန်
မူမမှန်လည်း
အယူခံမဝင်
တယူသန်တယ်ထင်ချင်ထင်အစလွဲခဲ့လို့
ဘဝလည်းမသာယာ
ဒုတိယအသည်းမှာ
သမုဒယလည်း
အနယ်မထိုင်သေး
လည်တိုင်လေး
တချက်လှည့်အကြည့်မှာစွဲငြိတဲ့
မျက်ဝန်းတစုံကြောင့်
နှစ်ခါကွဲတဲ့အသည်း
မနာပဲဘယ်နေပါ့မလဲ
ချစ်သူရယ်
ရေးသူ-သူရဇ္ဇ
---------------------------------
''အမေ့ အလှ''
ခုနှစ်ဆယ်နီး ဇရာမီးကြောင့်
အလှတွေ ကင်းပျောက်နေပေမယ့်
အမေ့ရဲ့အပြုံးတွေက
ကျက်သရေ အရှိဆုံးပါအမေ
သွားတွေကြွေ အားတွေခန်းလို့
အသံတွေ တုန်ယင်နေလည်း
အမေ့စကားတွေက
ရင်ကိုအေးမြနေဆဲပါ အမေ
ဘယ်လောက်ပဲ အိုနေပါစေ
အမေ့အလှတွေက
အပျိုစင်တွေ အကျည်းတန်
ပန်းကလေးတွေကငေး
ဆည်းဆာချိန် မှေးမှိန်လို့
ငှက်ကလေးတွေကို
တေးအဆို ရပ်စေဆဲပါအမေ...
ရေးသူ-ဗလ
---------------------------------
အပယ်ခံ
ရှိသမျှတွေ
အကုန်ဆုံရှုံးလို့
ကံပေါ့လို့ ယိုး
အဖြစ်ဆိုးခဲ့သူ
အပယ်ခံဘဝ
ဘယ်ကံကပိတ်လှောင်ခဲ့လည်းမသိ
စိတ်အမှောင်ကျလို့
အရာရာရှုံးခဲ့ရ
မိတ်ဆွေ နတ္ထိ
သူငယ်ချင်းမရှိ
သွယ်ဆင်းသည့်
ပါးပြင်ထက်က
မျက်ရည်တွေသာ
အဖော်မွန်ပါလား
ပြောတိုင်းအဆင်မပြေ
ရင်တွေနာရအခါခါ
ကျယ်ပြောတဲ့
လူ့လောကနယ်ခံမူအကြားက ငါဟာ
အပယ်ခံလူသားပါ
အားပေးဖော်ဆိုတာ
အနားကပြေးခေါ်တဲ့
ကြယ်တွေသာရှိ
မွန်းကျပ်နေတာကို
ထုတ်ပြောဖို့လည်း
ဥသြလောက်
တွန်သံမချိုတော့
ရင်ကော့လို့သာငို
စိုနေတဲ့ပါးပြင်ကို
လေပြေက
သွေ့ခြောက်စေလို့
မေ့ပျောက်နေတဲ့
အားငယ်ခြင်းကို
သိမ်းထုပ် လမင်းကြီး
သူစိမ်းလုပ်လို့
တိမ်ကြားကိုတိုးဝင်
ဟိုးအရင်ကတည်းက
အပယ်ခံဘဝမို့
တကယ်ခံရ
ခက်လှပါပြီ့။
သူရဇ္ဇ
--*--*--*--*--*--*--*--*--*--*--*
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
မေးပါရစေ ချစ်သူ
Wednesday, 9 December 2015
နှင်းဝေတဲ့ ဆောင်း
Tuesday, 8 December 2015
ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၅၀
နှစ်ခြိုက်စွာအိပ်စက်ဖို့
ကြိုးစားတိုင်း. . . . .
နွမ်းလျမှုတွေနဲ့အတူ
ရောထွေးဝင်လာတဲ့
ခြောက်လန့်မှုတွေ
ယုံမှားသံသယနဲ့
ပြောလိုက်ဖူးတဲ့ စကားသံတွေ
နောင်တတွေနဲ့အတူ
မျက်ရည်တချို့ကျစီး
ငါမအိပ်စက်ဝံ့တော့. . . . .
အချစ်ကြီးလို့
အမျက်ကြီးခဲ့မိတာပါ
ရှေ့ဆက်ရမဲ့ခရီးမှာ
မပါရင်မဖြစ်နိုင်မှန်း
နင်ထွက်သွားတော့မှ
ငါသိခဲ့. . . . .
ရူးသွပ်စွာတောင်းတမိတယ်
ငါ့ဘဝရဲ့လမ်းပြကြယ်မို့. . . . .
ငါအသနားခံပါတယ်
အချစ်တွေပိုက်ထွေးလို့
ငါ့နှလုံးသားထဲ
စွန့်ကြဲပေးပါ. . .
ကြေကွဲစရာအတိတ်
ဝမ်းစရာအဖြစ်ဆိုး
အရိပ်လိုမသယ်ဆောင်ချင်တော့
နှလုံးသားကိုရင်ခွင်မှာ
မှေးစက်ခွင့်ပြုပါ. . .
အချစ်တွေကိုပျော်ရွှင်စွာ
စိုက္ပ် ဳိးပါရေစ. . . . .
အတိတ်ကိုစွန့်လွှတ်
အနာဂတ်ကိုထွန်းညှိလို့
မြုံ ရိပ်မှာ. . . . .
တူနှစ်ကိုယ်အိုအေစစ်လေး
ဖြစ်ပါရစေချစ်သူ. . . . .
baBy , i loVe yoU…/\/*L့
Phyur…/\/*L့
***********************************
…ဆောင်း၏ညခင်း
…လမင်းသာသာ
…မြူလွာငွေ့ငွေ့
…တိမ်အရွေ့တွင်
…ခင်မင်သူလေး
…ဟိုအဝေးက
…လမင်းကိုများ
…ကြည့်နေမလား...။
…ဝေဝါးအမြင် ငါ့ရင်ခွင်ထက်
…နှင်းစက်မှုန်မှုန်
…ကလို့ခုန်လည်း…
…ချမ်းအေးမဟူ ရွှေရင်ပူရ...
…သောကဆူဆူ
…ချစ်မိသူလေ..။
…ပန်းလေးလှလှ လိပ်ပြာခ၍
…ပျားနှင့်ပိတုန်း
…တရုန်းရုန်းသွင်
…အမြင်မလန်း ချစ်ပန်းဝတ်မှုံ
…နမ်းလို့ကုန်မှ
…ပြန်သွားကြမည်
…စိုးထိတ်ပူသည်…
…ငါသည်ချစ်ရ အဝေးက ။
…တစ်ဖက်သတ်ချစ်
…မေတ္တာစစ်က
…နေမင်းဆယ်ဖြာ
…နွေကန္တာလို
…ပူပြင်းလောင်မြိုက်
…အိပ်ငိုက်မပျော်
…ခေါ်လည်းမရ
…မျှော် တမ်းတ တာ
…နင်သာ …
…သိခဲ့မယ်ဆိုရင်
…ဪ …
နင်သာသိခဲ့မယ်…ဆိုရင်…
တေပီ ဆြာ
ဗလ
***********************************
စံပယ်ပွင့်ပေမယ့်
စံပယ်နှင့် မတန်သူပါခင် ၊
မဆင်ရဲသူမို့
ရင်ထဲမှာ တိတ်တခိုးနဲ့
မြတ်နိုးခုံမင် ၊
အပင်ကိုပျိုးသူမို့
မြတ်နိုးလျှင်
ပန်ဆင်ထိုက်ပေမယ့်
ပန်လိုက်လျှင် နံ့သာခိုးသူလို့
ယိုးစွပ်ကာ စွဲချက်တင်
ပတ်ဝန်းကျင် ဆိုမှာပေါ့ ၊
သည်တော့ကွယ် စံပယ်နှစ်
ပန်းချစ်သူ အဆင်ခက်ပြီမို့
ပင်ထက်မှာ အလှဆင့်ကာ
(စံပယ်ရယ် …)
ပွင့်လိုက်ပါတော့
ဗလ
***********************************
*** အစ ***
…ခရီးဝေးကွာ .
…အချိန်ကြာညောင်း .
…မိုင်ပေါင်းကုဋေ .
…သွားရပေလဲ .
…ခြေတစ်လှမ်းမှ . စ.ခဲ့ ရ၏ ။
…မြကန်သာယာ .
…ရေများစွာတို့ .
…လျှံကာပြည့်နက် .
…ကန်ကျော်တက်လဲ .
…မိုးရေစက်မှ . စ.ခဲ့ ရ၏ ။
…ပန်းဥယာဉ်မှာ . ပန်းစုံစွာတို့
…ဝေဆာလှပ . ဖူးပွင့်ကြလဲ
…စိုက်ပျိုးခြင်းမှ . စ.ခဲ့ ရ၏ ။
…အတတ်ပညာ . ဘွဲ့များစွာတို့
…ပိုင်လာခဲ့ရ . တပ်ခဲ့ကြလဲ
…ဗျည်းသရမှ . စ.ခဲ့ ရ၏ ။
သူငယ်ချင်း…
…လျှောက်မည့်ခရီး .
…မနီးဝေးကွာ .
…မင်းမှာရှိစေ .
…ညည်းမနေနှင့် .
…တွေဝေငိုက်မြည်း .
…မှိုင်တွေညည်းလဲ .
…ခရီးဝေးမှာ . နီးမလာဘူး
…စိတ်မှသတိ . လုံ့လ မှီး၍
…မင်းရဲ့ ခြေလှမ်း . စ.ပါတော့
***********************************
{ နှစ်ယောက်တစ်အိပ်မက် }
… ထပ်တူအိပ်မက်
ပေးဆပ်ခဲ့လည်း …
… အငြိုးကြမ္မာ
ရင်နင့်စွာဖြင့် …
… မျှဝေခံစား
နှစ်ယောက်ကြားမှာ
ခြားနားမှုတွေ ရှိခဲ့ပြီ ……
… ညချင်းလဲ အတူတူ
လချင်းလဲ အတူတူ …
အော် …
… ဒါပေမဲ့ …
ဘဝချင်းက မတူတော့ …
… မိုးမြေကွာခြား
သောကများကို …
… လမင်းကြီးရယ်
ကြည့်ရက်တယ် … ။
ဗလ
***********************************
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။