ရွေးချယ်ကြည့်ရှုရန်
Monday, 24 August 2015
ဆန္ဒလေးများ
ဝေး ဝေး မှာ နေ နေ ရ လည်း
ရင် ခုန် သံ ခြင်း နီး ပါ ရ စေ...
အ မှတ် ရ စ ရာ ကြုံ ရင် လည်း
တမ်း တ သ တိ ရ ပါ ရ စေ...
ဘ ၀ အ တွက် နေ့ ရက် နာ ရီ နှင့် အ တူ ခ ရီး ဆန့် နေ ရ လည်း
အ ချိန် ပြည့် ချစ် သူ့ အ တွေး ရိပ် မှာ နား ခို ပါ ရ စေ...
ချစ် သူ့ ရင် ခုန် သံ နဲ့
င့ါ နေ့ ရက် တို့ ဆက် လက် ရှင် သန် ပါ ရ စေ...
ခါး သက် သက် အ လွမ်း တိုင်း မှာ
င့ါ နှ လုံး သား ထဲ က ချစ် ရ သူ့ အ မည် ကို
မြတ် နိုး စွာ နဲ့ ခေါ် ရင်း
လွမ်း ဆွေး များ ဖြေ သိမ့် ပါ ရ စေ...
ဘယ် သော ခါ မှ မ သေ ဆုံး နိုင် တဲ့
ရင် ခုန် သံ အ ရင်း နှီး ဆုံး ချစ် ခြင်း များ စွာ ဖြင့်
ငါ့ နှ လုံး လွင် ပြင် မှာ
ချစ် သူ ကို ချစ် ခွန်း သီ တဲ့
ချစ် ပန်း ပင် များ
စိုက် ပျိုး ထိန်း သိမ်း ပါ ရ စေ...
လေ ပြေ လေ ညင်း လေး များ
ကျွန် မ ချစ် ခြင်း တွေ ချစ် သူ ဆီ
သယ် ဆောင် ပေး ပါ လား....
ည ပန်း ချီ မှာ
ကျွန် မ ချစ် ခြင်း ကြယ် စင် တွေ
က တ္ထီ ဘာ ည လွင် ပြင် အ ပြည့်
လင်း လက် ပေး ပါ လား...
မိုး ဖွဲ လေး များ
ကျွန် မ ချစ် ခြင်း မိုး စက် တွေ ချစ် သူ ဆီ
သယ် ယူ ပေး ပါ လား...
တ မြေ ဆီ ခြား နေ တဲ့
အ ဝေး က ချစ် ရ သူ ရေ....
ကျွန် မ ရဲ့
ရင် ခုန် သံ အ ရင်း နှီး ဆုံး ချစ် ခြင်း များ စွာ ကို
ကျွန် မ ရဲ့
လွမ်း တေး တွေ နား ဆင် ရင်း
နှ လုံး သား ချင်း ထပ် တူ ကျ စွာ နဲ့
ခံ ယူ ပေး ပါ လား နော်
အနှိုင်းမဲ့ချစ်ခြင်းမေတ္တာများစွာဖြင့်
မေ စံ ပယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ